ညောင်တုန်း ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိသော်လည်း မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် ဖြစ်ပွားမှုနှုန်း လျော့နည်းစေရေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီနေထိုင်ကြရန်နှင့်ကာကွယ်ဆေးများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လွှမ်းခြုံနိုင်မှု အပြည့်အဝရရှိစေရန်၊ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်ရေ ပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)