တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်တွင်းကြီး   ဖေဖော်ဝါရီ   ၁၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်း ယခုလက် ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်း ကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များက မိမိတို့လုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ ကာကွယ် ဆေးများကို Phase အလိုက် ဆက်လက်ထိုးနှံပေးနေမှုနှင့် ထိုးနှံပြီးစီးမှုများ၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို နေရာများခွဲကာ အပြည့်အဝ ထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ နေအိမ်ပြင်ပသွားလာရာတွင် နှားခေါင်းစည်း Mask တပ်ဆင်သွားလာရန်၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တက်နိုင်သမျှ မိမိအိမ်တွင်သာနေထိုင်ရန်၊ နာမကျန်းဖြစ်လျှင် ကျန်းမာရေးစစ်ဆေးကုသမှုခံယူရန် စသည့် အသိပညာပေးလုပ်ငန်းများ ကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊  မြို့အ၀င်ဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုး နှံထားမှု အထောက်အထားများ စစ်ဆေးသွားမည့်အခြေအနေများ၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှုနှင့် Positive လူနာများ ထပ်မံတွေ့ရှိလာပါက ထားရှိကုသရန် ပြင်ဆင်ဆောင်ရွက် ထားသည့်အခြေအနေများ၊ မြို့နယ်အ တွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာပါက ကုသရေးစင်တာ၊  Positive စင်တာ၊ Quarantine စင်တာများ အရန်သင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နိုင်ဝင်း