မရမ်းကုန်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာ(၁)တွင် ယမန်နေ့ နံနက် (၇)နာရီအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများအတွက် စားသောက်ကုန်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် Mobile စျေးကားများဖြင့် လာရောက် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စားသောက်ကုန်များမှာ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီဌာန လိုင်စင်ရ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတို့ဖြစ်ပြီး ကြက်သား (၁)ပိဿာ (၆၀၀၀/-)နှုန်းဖြင့် (၁၅)ပိဿာ၊ ဝက်သား (၁)ပိဿာ (၁၂၀၀၀/-)နှုန်းဖြင့် (၃၅)ပိဿာ၊ ဆိတ်သား (၁)ပိဿာ (၂၀၀၀၀/-)နှုန်းဖြင့် (၂၀)ပိဿာ၊ အမဲသား (၁)ပိဿာ (၁၃၀၀၀/-)နှုန်းဖြင့် (၁၅)ပိဿာ စုစုပေါင်း ရောင်းရငွေ (၁၁၀၅၀၀၀/-) ရောင်းချခဲ့ကြောင်းနှင့် ဈေးရောင်းချရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်