တနင်္သာရီ ဖေဖော်ဝါရီလ ၁၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ ကြီးကြပ် မှုဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအား အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီ ၃၀အချိန်မှ ညနေ ၄နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနအတွင်း သားဖွားဆရာမဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများက လည်းကောင်း၊ ဘန်းလမွတ်အုပ်စု-ဘန်းလမွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်း ဆရာမ ဒေါ်မာမာစုနှင့် ဝန်ထမ်းများကလည်းကောင်း အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရှိရသည်။
ယနေ့တွင် ပဥ္စမအသုတ်(ဒုတိယ)အကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၂)ဦးနှင့် မှီခိုသူ (၃)ဦး၊ ပေါင်း(၅)ဦးကိုလည်းကောင်း၊ ဆဌမအသုတ် ဒုတိယအကြိမ်အဖြစ် အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင်သူ(၂)ဦး၊ မှီခိုသူ(၂၈)ဦး ပေါင်း(၃၀)ဦးကိုလည်းကောင်း
အလားတူ အိန္ဒိယနိုင်ငံထုတ် (Covi Shield) (COVID-19) ရောဂါကာကွယ်ဆေးဖြင့်(ဆဌမ)အသုတ် (ဒုတိယ) အကြိမ်အဖြစ် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံလုပ်သား(၅)ဦး၊ အခြားဝင်ငွေ ရရှိသော လုပ်ငန်းလုပ်ကိုင်သူ(၁၀၇)ဦး၊ မှီခိုသူ(၁၇)ဦးပေါင်း(၁၂၉)ဦးကိုလည်းကောင်း၊ (သတ္တမ)အသုတ် (ပထမ)အကြိမ်အဖြစ် သံဃာတော်(၂) ပါး ၊ဌာနဆိုင်ရာ ဝန်ထမ်း(၂)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ(၁၅၂)ဦး၊ မှီခို(၁၃) ဦး..ပေါင်း(၁၆၈)ဦး၊ သို့ပါ၍ ယနေ့တွင် အားလုံးစုစုပေါင်း(၃၃၂)ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိ ရသည်။
နန်းသာရီ-ထိန်ဝင်း