ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း၊ စီမံကိန်းထပ်တိုး ကျေးရွာ(၁)ရွာအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်၊ တငါ့ကန် ကျေးရွာအုပ်စု၊ တံခါးကြီး ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ(၂:၃၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာစီမံကိန်း ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တံခါးကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၁၀)သန်း၊ ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေ ကျပ်(၃)သန်း၊ စုစုပေါင်း ငွေကျပ်(၁၃)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယခုစီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာပြည်သူများ ကိုယ်တိုင်လိုအပ်ချက်များကို တိုင်ပင်ညှိနှိုင်းပြီး၊ စီမံကိန်းရေးဆွဲခြင်း၊ အများသဘောတူညီမှုဖြင့် ဖွဲ့စည်း ထားသည့် ဖွံ့ဖြိုးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယခုလိုဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စီမံလုပ်ကိုင်ဆောင်ရွက်ခြင်းတို့ဖြင့်၊ စီမံကိန်းဆိုင်ရာ အချက်အလက် စာရင်းဇယား ထိန်းသိမ်းမှုများလည်း ကျွမ်းကျင်လာမှာဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထများ အားကောင်း လာမှာဖြစ်သည့်အတွက် နောင်ချိန်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုလိုစည်းလုံး ညီညွတ်စွာ ဆွေးနွေး တိုင်ပင်ဆောင်ရွက်လာနိုင်ကြမှာ ဖြစ်ကြောင်းပြောကြားပြီး၊ စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းသုံးပစ္စည်းများ အလေအလွင့်မရှိစေရေးနှင့် သတ်မှတ်ချိန်မီ ပြီးစီးရေးတို့ကို ဆွေးနွေးမှာကြားသည်။ အဆိုပါကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်တွင် စတင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ လမ်းအရှည်(၅၉၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မဖြစ်ကြောင်းသိရသည်။
စီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၃)သန်း စုစုပေါင်း ငွေကျပ် (၁၃)သန်းဖြင့် မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရပြိီး၊ လုပ်ငန်းပြီးစီးပါက တံခါးကြီးကျေးရွာရှိ အိမ်ခြေ(၁၄၁)အိမ်၊ အိမ်ထောင်စု(၂၇၀)မှ လူဦးရေ (၁၁၂၅)ဦးတို့ သွားလာရေး လွယ်ကူအဆင်ပြေစေမှာဖြစ်ကြောင်းနှင့် အမှိုက်ကင်းစင်သော ကျေးရွာဖြစ်စေရန် အတွက်၊ အမှိုက်စွန့်ပစ်စီမံချက်များကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)