ကျောက်တံခါးမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂) ဖွင့်လှစ်ပို့ချ

ကျောက်တံခါး ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျောက်တံခါး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂) အား ယမန်နေ့က မြို့ချောင်း ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြများအဖြစ် မြို့နယ်အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းအောင်၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးစန်းလွင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးပြည့်စုံထွန်းနိုင်၊ တိုင်းဒေသကြီး ပထမတန်းဦးစီးမှူး ဦးသိန်းအောင်၊ တိုင်းဒေသကြီး တတိယတန်းဦးစီးမှူး ဦးတေဇာအောင်တို့က စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ (၁၈)နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စန်းစန်း (ပြန်/ဆက်)