ကော့သောင်း ဖေဖေါ်ဝါရီ ၁၇
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ပုလုံးတုံတုံးကျေးရွာ အတွင်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
လက်ရှိကူးစက် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀)နှစ်ပြည့်ပြီး မိသားစုဝင်များနှင့် အသက် (၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈)လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆောင်ရွက်မှုအဖြစ် ကျေးလက်ပြည်သူ (၁၄၃)ဦးကို နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး