ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVID SHIELD ထိုးနှံပြီး သည့် (၆)လအထက်ရှိသူများ၊ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက် သက်ကြီး ဘိုဘွားများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများ အား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေး အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose (၇)ရက်မြောက် နေ့အဖြစ် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများနှင့် ထွေ/အုပ်ဝန်ထမ်းများမှ စာရင်းများကောက် ယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးကို ဆေးတစ်လုံးလျှင်(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၀-၂-၂၀၂၂)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး (၁၆-၂-၂၀၂၂) ရက်နေ့ဖြစ်သော (၇)ရက်မြောက်နေ့တွင် မြို့နယ် ပြည်သူ့ဆေးရုံသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၅၂၀)ဦးရှိကြောင်း မြို့နယ်ဆရာဝန်ကြီး Dr-မွန်စိုးရီထံမှ သိရှိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)