ဓနုဖြူမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်

ဓနုဖြူ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ နံနက်()နာရီက အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်မှုသည် ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုများအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံပါရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှားခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဥ်ရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ အပြင်မှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို မပျက်မကွက် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ကိုယ်စီလိုက်နာကြရန်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)