ခင်ဦးမြို့၌ စိတ်ဖိစီးမှုလျော့ချရန် အားကစားနည်းများဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်

ခင်ဦး   ဖေဖော်ဝါရီ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စိတ်ဖိစီးမှုလျော့ချရန် အားကစားနည်းများ ဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) အစီအစဉ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှူး ဦးကျော်သူဝင်းက ကျန်းမာရေးအတွက် စိတ်ဖိစီးမှုလျော့ချရန် အားကစားနည်း တစ်မျိုးမျိုးကို ပုံမှန်ကစားသင့်ကြောင်း၊ စုပေါင်းအားကစား များဖြစ်သည့်  ဘောလုံးကစားခြင်း၊ အေရိုဗစ်ကစားခြင်း စသည့် ကစားနည်းများ ကစားခြင်းဖြင့် စိတ်ဖိစီးမှုလျော့ချနိုင် ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း၊ အားကစားစိတ်ပါဝင်စား ထူးချွန်ပါက သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက အား/ကာသိပ္ပံကျောင်း (မုံရွာ) တွင် ကျောင်းအိပ်ကျောင်းစား တက်ခွင့်ရရှိမည် ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။

စိုးဝေအောင်(ခင်ဦး)