ဟားခါး ဖေဖော်ဝါရီ ၁၇
ဟားခါးမြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ဒုတိယမြောက်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ First Dose ၁၆၈ ဦး၊ Second Dose ၂၀၆ ဦး၊ ပေါင်း ၃၇၄ ဦး လာရောက်ထိုးနှံကြကြောင်း သိရသည်။
ကာကွယ်ဆေးကို အမှတ် (၁)၊ အမှတ်(၂)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း စသည့် ဆေးထိုးစုရပ် (၃)နေရာခွဲ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ပထမနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် First Dose ၇၃ ဦး၊ Second Dose ၇၁ ဦး၊ ပေါင်း ၁၄၄ ဦး၊ ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် First Dose ၉၅ ဦး၊ Second Dose ၁၃၅ ဦး၊ ပေါင်း ၂၃၀ ဦး လာရောက်ထိုးခြင်းဖြစ်သည်။ ကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
( မောင်တက်လမ်း )