လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ကျောင်းကြီးလမ်းတွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်းကို (၈၅)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့(ခ)ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းမပေါ်တွင် ရေဝပ်နေမှုမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျက်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၂၀.၂)ကျပ်သန်းဖြင့် အုတ်စီရေမြောင်းအရှည် (၆၀၀)ပေ၊ အကျယ်(၂)ပေခွဲ၊ အနက်(၃)ပေရှိ ရေနုတ်မြောင်းတူဖော်ခြင်း၊ အုတ်စီခြင်းလုပ်ငန်းကို (၈၅)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
စောဒိ( ပြန်/ဆက်)