ဂွ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ဆပ်သွားကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား "လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခွဲမှ နေ့လည်၁နာရီအထိ ဆပ်သွားကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ၃နာရီခွဲအထိ ဆပ်သွားအ.ထ.က ကျောင်း၌ လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးတင်မိုးအောင်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက်(၁၈)နှစ်အထက် (ကျား) ၁၁ဦး၊ (မ) ၁၃ဦး၊ လဲလှယ်/မိတ္တူ (ကျား) ၁၆ဦး၊ (မ) ၉ ဦး တို့အား လည်းကောင်း၊ အသက်(၁၈)နှစ်အောက် ကျောင်းသား(၃၂)ဦး၊ ကျောင်းသူ(၄၃)ဦး တို့အား လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဂွမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်