ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.မ.က (၂၈) မူလတန်းကျောင်း၏ ကျောင်းတည် ထောင်ခြင်း အထိမ်းအမှတ် စာမူပြိုင်ပွဲ ဖိတ်ခေါ်ခြင်းနှင့် ငွေရတုနှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေမည်

ဒဂုံတောင် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.မ.က(၂၈) အခြေခံပညာစာသင်ကျောင်း တည်ထောင်ခြင်း နှစ်(၂၅)ပြည့်အတွက်  စာမူပြိုင်ပွဲ ဖိတ်ခေါ်ခြင်းနှင့် ငွေရတုမဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်၍ စိတ်ပါဝင်စားသူများအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း  သိရသည်။

ရှေးဦးစွာ ကဗျာ၊ ကာတွန်း၊ ဟာသတို၊ တစ်မျက်နှာ ဝတ္တုတို၊ ဆောင်းပါး၊ ကလေးအတွေး ကလေးအရေး (ကလေးကဗျာ)၊ ကျန်းမာရေး၊ ဘာသာရေးနှင့် ဖြစ်ရပ်ဆန်းကြယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဝတ္တုနှင့် ဆောင်းပါးများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် A4 လက်ရေး (၅)မျက်နှာထက် မပိုရန်နှင့် A4 စာစီ(၃)မျက်နှာထက်မပိုရန် အစရှိသည့် သတ်မှတ်ချက်များ ပါဝင်ပြီး စာမူအားလုံးအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်ကြောင်းဖော်ပြထား သည်။

ထို့နောက် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အကုန်နောက်ဆုံးထား၍ ပေးအပ်ရမည်ဖြစ်ပြီး ပေးပို့ရာတွင်လည်း ဒယ်ဒီတာအဖွဲဝင်များ ထံတွင်လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း လာရောက်ပေးပို့ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သတင်း ရရှိသည်။

သက်မင်းဟန်