အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် Mask Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ရှိဈေးများနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အေးမြသာယာကျေးရွာအုပ်စု၊အမှတ်(၉)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တွင် အရေးပေါ်ရှေ့ဦးပြုစုခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jun 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက် ကန်ကြီးဓမ္မရာဇိန်ကျောင်းတိုက်၌ ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြောင်းသိရသည်။
Jun 27,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စ၍ မြို့အဝင်အထွက်ဂိတ်တွင် လုပ်ဆောင်လျက် ရှိကြောင်း သိရ သည်။
Jun 27,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှကြီးမှူး၍ ကမ္ဘာ့ သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဆိမ်ဆာ့လမ်း၊ စက်မှုရပ်ကွက်ဗလမင်းထင်ချဉ်းကပ် လမ်းနှင့် ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် အရိပ် ရသစ်ပင်များ ကို ယနေ့နံနက် ၈ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Jun 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က စော်ဘွားအင်း ရပ်ကွက်ရှိ မြို့ရှောင်လမ်း လမ်းဘေး ဝဲ/ယာ တစ်လျှောက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့ ကျရောက်သည့်  "ကမ္ဘာ့ သစ်ပင်စိုက်ပျိုးရေးနေ့" အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို