အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ သန်း ၂၈၀ ကျော်ဖြင့် စိုက်ပျိုးဧက နှစ်ထောင်ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း လေးလမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
May 04,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့်နှင်းပန်း၊ မေမြို့ပန်း၊ ပန်းတိမ်မနိုင်ပန်းများ စိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချခြင်း ဖြင့် မိသားစု စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒိုက်ဦးမြို့နယ် ၌ (၃၉)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
May 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေး သားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
May 04,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
May 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြု့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများအား Booster ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သိန္နီမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြုကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်ထားရှိလျက်ရှိကြောင်း သိရသည်။
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် စည်ပင်သာယာခန်းမနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာနတို့တွင် ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိသည်။