၂၀၂၂ ခုနှစ်၊ ဒိုက်ဦးမြို့နယ်၌ (၃၉)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒိုက်ဦး မေ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒိုက်ဦးမြို့နယ် ၌ (၃၉)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်  က အမှာစကား ပြောကြားပြီးနောက် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေး ဦးစီးကော်မတီဖွဲ့စည်းခြင်း၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မေးခွန်းထုတ်ယူခြင်း၊ နေ့စဉ်မေးခွန်းထုတ်၊ အဖြေလွှာအပ်နှံခြင်း အဖြေလွှာပို့ဆောင်ရေး အစီအစဉ်ရေးဆွဲခြင်း၊ အခမ်းအနား ပြင်ဆင်ရေး လုပ်ငန်းတာဝန်ပေးအပ်ခြင်း၊ စာဖြေသံဃာစာရင်းပြုစုခြင်း၊ စာမေးပွဲကြီးကြပ်ဖွဲ့စည်းခြင်းနှင့် လုံခြုံရေးအစီအစဉ် ရေးဆွဲခြင်း ကိစ္စရပ်များအား တိုင်ပင်ဆွေးနွေးကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ သာသနာ့နုဂ္ဂဟ အဖွဲ့များ တက်ရောက်ကြသည်။

ဒိုက်ဦးမြို့နယ် ပါဠိပထမပြန်စာမေးပွဲကို မေလ(၇) ရက်နေ့မှ (၁၃)ရက်နေ့အထိ ပြည်လုံးချမ်းသာ ဘုရားကြီးကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)