အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ဒေသခံ တောင်သူများသည် မြေအောက်ရေ၊ ဆည်ရေ များဖြင့်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ နွေသီးနှံ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ကိုကျော်စိုးအောင်ထံမှ သိရသည်။
May 04,2022
၂ဝ၂၂ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့ဆေးရုံဝင်း အတွင်း/ အပြင်၌ ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်း‌ရေးများ   ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများအား ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် နေကြာမျိုးစေ့ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် ဆေးထိုးစုရပ် ၁၀ ခုတွင် ယမန်နေ့နံနက်ပိုင်းက အသက်(၁၅) နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူ ၄၂ ဦးအား
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Youth Club အဖွဲ့ဝင်များဖြင့် ချစ်နိုင် (စိတ်ပညာ)ရေးသားထားသော လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁နာရီအချိန်ခန့်က ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centreခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။