ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် မေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၄၅၀) ဦး၊ မြို့သာဇုံမှ (၃၀၀) ဦး၊ ငါန်းမြာဇုံမှ (၂၇၅) ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၅၀) ဦး၊ သားကျင်ဇုံမှ (၄၀၀) ဦး၊ ဂျိုဇုံမှ (၁၀၀) ဦး၊ သံဘိုဇုံမှ (၈၅) ဦး၊ ရေလည်သောင်ဇုံမှ (၃၆၅) ဦးနှင့် ကုလားရွာဇုံမှ (၉၉) ဦး စုစုပေါင်း (၂၄၂၄) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဧပြီ ၈ ရက်နေ့မှ မေ ၃ ရက်နေ့အထိ မြို့နယ်အတွင်းဇုံ () ဇုံမှ မအသုတ် ဒုတိယအကြိမ် (၁၁၀၄၇) ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)