Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော်၏ (၇၁) နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာနှင့် လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် (၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ
May 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ သာသနဝိပုလပရိယတ္တိစာသင်တိုက် (ဓာတ်တော် ကျောင်း) တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒ၏ (၇၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် (၁) နှစ်ပြည့်အထိမ်းအမှတ် အလှူမင်္ဂလာပွဲကို မေလ ၄ ရက်က အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် မြစိမ်းရောင်၊ VDP၊ Cash for work စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအတွက် ညှိနှိုင်းဆွေးနွေး
May 04,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ် မြစိမ်းရောင်၊ VDP၊ Cash for work စီမံကိန်းကျေးရွာရွေးချယ်ခြင်းအတွက် အဆိုပါဌာနအစည်းအဝေးခန်းမ၌ မေ(၄)ရက် နံနက်(၁၀)နာရီတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများ/သီလရှင်များအား ဆရာစံရပ်ကွက် စေတနာရှင်ပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်း
May 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့်ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီးဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ မေလ ၄ရက် နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် အများပြည်သူသုံး သောက်ရေကန်အား သန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်း၊ ရေကန်ဘောင် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများ သုံးစွဲလျက်ရှိသည့် သောက်သုံးရေကန်အား သန့်ရှင်းသာယာလှပစေရေး လုံခြုံစိတ်ချစေရေးတို့အတွက် ရေကန်ပတ်လည် ခြံစည်းရိုးကာရံခြင်း၊ ရေကန်ဘောင်အား မြှင့်တင်ခြင်းလုပ်ငန်းများကို အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ ကြဲပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်
May 04,2022
တောင်သူများအား လယ်ယာမြေစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက် ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်းတိုးတက်လာစေရန်၊ ဓာတ်မြေသြဇာများ သုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းကို တောင်သူများလေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောပုန်းကျေးရွာအုပ်စု၊ တုံးပုံကျေးရွာရှိ တောင်သူများက ပူးပေါင်း၍ မေလ ၄ ရက် နံနက် ၁၁ နာရီက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထည့်သွင်းခြင်း အတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ တောင်ကြီး ပညာရေး ဒီဂရီကောလိပ် ကျောင်းအားကွင်းဆင်းကြည့်ရှုစစ်ဆေး
May 04,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ သည် ယနေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့နယ်အေးသာယာရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး)အား သွားရောက်ကြည့်ရှုစစ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ရေးလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်
May 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် ည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17554
Page
17555
Page
17556
Page
17557
Current page
17558
Page
17559
Page
17560
Page
17561
Page
17562
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department