အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးငယ်များကျန်းမာ သန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
May 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ “လူငယ်အင်းအား စွမ်းပကားဖြင့်၊ နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆောင်ပုဒ်ကဲ့သို့ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ် ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ် များ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန် ပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို ယနေ့နံနက်(၈) နာရီက ပုဗ္ဗသီရိမြို့နယ်၊ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်း၌ ကျင်းပသည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မေလ ၃ရက်နေ့ ညနေ ၆နာရီခွဲ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ရပ်/ကျေးရုံး(၁)ရုံးနှင့် လူနေအိမ် (၁၅၇) လုံး အမိုးလန်ပြိုကျ ပျက်စီး ခဲ့သည့်အတွက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဧပြီ ၂၈ ရက်ကဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ထိခိုက်ခံခဲ့ရသော အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
May 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 04,2022
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ မြို့နယ်ကျေးလက်ရုံး၌ ယနေနံနက် ၁၀ နာရီအချိန်၌ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက် မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပ ပြုလုပ်သည်။
May 04,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။