အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံးမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၂၃၁၂၀)ပင် ဖြန့်ဝေ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ သာယာရွှေပြည်လမ်းတစ်လျှောက် သန့်ရှင်း သာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်/မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးများ၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါလမ်း၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းနှင့် အမြင်မတင့်တယ်သည်များအား ဖယ်ရှားရှင်းလင်းခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း မေလ ၁ ရက်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို  ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက ယမန်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
May 04,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂)စုအား ထောက်ပံ့ပေးနိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းသိရသည်။
May 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ရာ၌ စနစ်တကျ လုပ်ကိုင်တတ်စေရန်နှင့် တိရစ္ဆာန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
May 04,2022
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး​ရေး ဦးစီးဌာနမှ လမုတန်းကြီး၊ ကျွဲကူး- မြို​ချောင်းတံတား- မြို့​ရှောင်လမ်း တည်​ဆောက်ရာတွင် ပါဝင်သည့် လယ်ယာ​မြေ (၃၆.၃၅)ဧကအတွက်​​ ဒေသခံ​တောင်သူများအား မြေယာ​လျော်​ကြေး​ငွေများ​ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ​လျှော်) ကြဲပက်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပေါက်တပင်ကျေးရွာ တောင်သူကြီး ဦးအောင်မြင့်၏ လယ်၌ ကျင်းပသည်။