သိန္နီ မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြု့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများအား Booster ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သိန္နီမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး၍ (၆)လပြည့် သူများ အသက်(၄၀)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် အသက်(၁၈) နှစ် ပြည့်ပြီးကာကွယ်ဆေးထိုးနှံရန်လူဦးရေ (၄၂၇၄၆)ဦးရှိရာ ယမန်နေ့ထိ ဆေးထိုးနှံပြီးသူ (၃၀၈၆၁)ဦး ဆေးထိုးနှံပြီးဖြစ်သည်။ ဆေးထိုးရန် ကျန်ရှိသူများအား ဆေးထိုးနှံရေး စုရပ်များတွင် လည်းကောင်း၊ Mobile စနစ်ဖြင့်လည်းကောင်း တစ်မြို့နယ်လုံး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောဥမ္မာ (သိန္နီ )