အမြို့မြို့အနယ်နယ်သတင်းများ

May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၂ ခုနှစ်မေလ (၅)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၈)နာရီက ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျခတ်ဝါရုံ ကျေးရွာ အုပ်စုရှိ တောင်သူဦးမြင့်ကြိုင်၏ လယ်‌မြေ ၅ ဧကတွင် ရတနာတိုးမျိုးစပါး(၀.၁၀)ဧက နွေစပါး စံပြကွက် ရိတ်သိမ်းပွဲကျင်းပခဲ့သည်။
May 04,2022
စိုက်ပျိုးလုပ်ကိုင်တောင်သူဦးကြီးများ၏ သဘာဝလယ်ယာမြေများ၌ ဓာတ်မြေဩဇာများထည့်သွင်း သုံးစွဲမှုများပြားလာမှုကြောင့် သဘာဝမြေလွှာမြေဆီမြေနှစ်များ လျော့နည်းခမ်းခြောက်လာမှုကြောင့် စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း ကျဆင်းလာနိုင်သဖြင့် မိမိတို့၏လယ်ယာမြေများအား ပြန်လည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း တိုးတက်ကောင်းမွန်လာစေ ရေးအတွက် သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၂)ရက်ကွက်ရှိ တောင်သူဦးထွန်းကြည်၏ မြို့မစံပြစိုက်ကွင်း၌ ပြုလုပ်ကျင်းပသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်​ ဆေးပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၃)နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေးဘေးသင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ သဒ္ဒမ္မရံသီကျောင်းတိုက်၌  အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။