ထန်းတပင်မြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၂၃၁၂၀)ပင် ပျိုးထောင်ထားရှိ

ထန်းတပင်(ပဲခူး) မေ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံးမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၂၃၁၂၀)ပင် ဖြန့်ဝေ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးပင်များကို မြို့နယ်သစ်တော ဦးစီးဌာနပျိုးဥယျာဉ်တွင် အပင်(၂၃၁၂၀)ပင် စိုက်ပျိုးထားရှိသည်။ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက် ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ကျေးလက်ပြည်သူလူထုများသို့ ဖြန့်ဝေပေးရန် ကျွန်း(၉၄၆၀)ပင်၊ ပိတောက်(၁၈၉၀)ပင်၊ မဟော်ဂနီ(၉၀၀)ပင်၊ မန်ဂျန်ရှား(၄၉၀၀)ပင်၊ စိန်ပန်း(၁၀၂၀)ပင်၊ ပျဉ်းမ(၁၄၃၀)ပင်၊ ယမနေ(၂၄၂၀)ပင်၊ ကုက္ကိုလ်(၄ဝဝ)ပင်၊ ခ​ရေ(၇၀၀)ပင်၊ စုစုပေါင်း ပျိုးပင်(၂၃၁၂၀)ပင်အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)