ဒိုက်ဦး မေ ၄
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပေါက်တပင်ကျေးရွာ တောင်သူကြီး ဦးအောင်မြင့်၏ လယ်၌ ကျင်းပသည်။
အဆိုပါ ကြဲပက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပေါက်တပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသန်းဌေးကျော်က မျိုးစေ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများက တောင်သူများသို့ လယ်မြေ အား ကြဲပက်စိုက်ပျိုးရန် မျိုးစေ့များ ပေးအပ်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက ၃၅၇ ဧက စိုက်ပျိုးကြဲပက်ရန် လျာထားပြီး ယခုလက်ရှိအချိန်တွင် ဧက ၉ ဧက ကို စံပြအဖြစ် ကြဲပက်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကြောင့် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေတွင် မြေဆီအာဟာရ တိုးတက်ခြင်း အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လည်းလျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)