မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုအား ထောက်ပံ့ပေးအပ်ရန်အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လွှဲပြောင်းပေးအပ်

ငါန်းဇွန် မေ ၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂)စုအား ထောက်ပံ့ပေးနိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းသိရသည်။

ထို့သို့ လွှဲပြောင်ပေးအပ်ရာတွင် ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု ဝေပုလ္လကျေးရွာတွင် ဧပြီ ၂၅ ရက်နေ့က မီးဘေးဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေကျပ်(၁၄၈၈ဝဝိ/-)နှင့် အသုံးအဆောင် ပစ္စည်း (၁၆)မျိုးပါ (၂)ပုံးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုထံ ပေးအပ်ရန် ကျောက်တလုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)