အမြို့မြို့အနယ်နယ်သတင်းများ

May 05,2022
လူငယ်၊ လူရွယ်များ အင်္ဂလိပ်စာစွမ်းရည် တိုးတက်​စေရန်နှင့် အများ​ရှေ့တွင် ရဲဝံ့စွာ​​​ပြောဆိုနိုင်မှု စွမ်းရည်တိုးတက်​စေရန်အတွက် ရည်ရွယ်ကာ ​​ အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယ​နေ့နံနက် (၁၁:၀၀)နာရီအချိန်က အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာ အုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅) နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေး လျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)က အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးမထိုးနှံ ရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ရာအိမ်စုအလိုက် ကွင်းဆင်း၍ လိုက်လံထိုးနှံ ပေးလျက် ရှိသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်ခရိုင်၊ ပြည်မြို့နယ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့ အ.ထ.က(၁) သုံးတပ်ဆောင်သီရိရတနာခန်းမ၌ ယနေ့နံနက် ၈နာရီခွဲ အချိန်က ကျင်းပပြုလုပ် သည်။
May 05,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ အဖြူ​ရောင်ပရဟိတ လူမှုကူညီ​ရေးအသင်းသို့ ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် ယမန်နေ့နံနက်ပိုင်းက အလှူ​ငွေများ လာ​ရောက်လှူဒါန်းခဲ့ကြသည်။
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရ​သေးသူများအား ပထမအကြိမ် (covishield) ထိုးနှံသူ စုစုပေါင်း(၂၁)ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူစုစုပေါင်း (၅၅)ဦးနှင့် Boster Dose ထိုးနှံသူ စုစုပေါင်း (၉၈)ဦး ရှိကြောင်း သိရသည်။
May 05,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၉:၀၀)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Astra Zeneca) ထိုးနှံသူ(၁၁)ဦး၊ ဒုတိယ အကြိမ် (covishield) ထိုးနှံသူ(၂၂)ဦး ၊ တတိယအကြိမ် Astra Zeneca ထိုးနှံသူ (၁၄၃)ဦးနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၂၀)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၉၆)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မေလ ၃ ရက်နေ့က တိုက်ခတ်ခဲသော လေပြင်းကြောင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု ကြို့ပင်ဝိုင်းကျေးရွာမှ နေအိမ်(၃)လုံး အမိုးလန်ပျက်စီးသွားခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နေအိမ်ပျက်စီးသွားသော ဒေသခံပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းက လေးဘေးထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။
May 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့ပေါ်ရှိပြည်သူများ မြေငှားဂရန်လျှောက်ထားနိုင်ရေး နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။