လမုတန်းကြီး-ကျွဲကူး-မြို့​ချောင်းတံတား-မြို့​ရှောင်လမ်း တည်​ဆောက်ရာတွင် ပါဝင်သည့် လယ်ယာ​မြေ (၃၆.၃၅)ဧကအတွက်​​​ ဒေသခံ တောင်သူများအား မြေယာ​လျော်​ကြေး​ငွေများပေးအပ်

ထန်းတပင်(ရန်ကုန်)  မေ ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လမုတန်းကြီး၊ ကျွဲကူး- မြိုချောင်းတံတား- မြို့ရှောင်လမ်း တည်ဆောက်ရာတွင် ပါဝင်သည့် လယ်ယာမြေ (၃၆.၃၅)ဧကအတွက်​​ ဒေသခံတောင်သူများအား မြေယာလျော်ကြေးငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေ​​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

မြေယာလျော်ကြေးငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်​ဇေယျာလင်းက အဖွင့်အမှာစကား​ပြောကြားခဲပြီးမြို့နယ်​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ​ဒေါ်​ကေဇင်လတ်က လမုတန်းကြီး- ကျွဲကူး- မြို​ချောင်းတံတား- မြို့​ရှောင်လမ်း​ဖောက်လုပ်မှု၊ စီမံကိန်း​ဆောင်ရွက်မှုနှင့် စီမံကိန်းတွင် ပါဝင်သွားသောတောင်သူများအားထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 
ထိုနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်​ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများက လမုတန်းကြီးကျွဲကူး-မြိုချောင်း တံတား- မြို့ရှောင်လမ်းတည်ဆောက်ရာတွင် ပါဝင်သွားသည့်ဘော့ချောင်းကျေးရွာအုပ်စု အတွင်းရှိတောင်သူ(၂၀)ဦး၊ အလိန်လည်ကျေးရွာအုပ်စုအတွင်းရှိတောင်သူ(၂၁)ဦး၊ရေတွင်း ကုန်းကျေးရွာအုပ်စုအတွင်းရှိတောင်သူ()ဦးနှင့် ကျွဲကူးကျေးရွာအုပ်စုအတွင်းရှိတောင်သူ ()ဦး စုစုပေါင်းတောင်သူ(၄၈)ဦးတို့၏လယ်ယာမြေဧက(၃၆.၃၅)အတွက် လယ်ယာလျော်ကြေးငွေ ကျပ် (၇၂.)သန်းကိုတောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)