လွိုင်လင် မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ သာသနဝိပုလပရိယတ္တိစာသင်တိုက် (ဓာတ်တော် ကျောင်း) တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒ၏ (၇၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် (၁) နှစ်ပြည့်အထိမ်းအမှတ် အလှူမင်္ဂလာပွဲကို မေလ ၄ ရက်က အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
ဆရာတော်၏ (၇၁) နှစ်ပြည့်ဝိဇာတမွေးနေ့အဖြစ် ယနေ့နံနက် ၅ နာရီက ဘုရားအနေက ဇာတင်လှူခြင်း၊ သက်စေ့ဆွမ်းတော် ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် တရားနာ ရေစက်ချအမျှပေးဝေခြင်းတို့ကိုဆောင်ရွက်ပြီးနောက် ဧည့်ပရိတ်သတ်များအား စာဂ ကျွေးမွေး ခြင်းများ ဆောင်ရွက်ကြသည်။ လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် ၁ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ညအထူးတရားပွဲကို မေလ ၃ ရက် ည ၇ နာရီက ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စဖိုဒ့်ဆရာတော် ပါမောက္ခချုပ် ဒေါက်တာအရှင်ဓမ္မသာမိ (Dphil Oxford) ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (တောင်ကြီး) က တရားဟောကြားပါသည်။
အဆိုပါ ဆရာတော်ကြီး၏ (၇၁)နှစ်ပြည့်မွေးနေ့ပွဲနှင့် လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် ၁ နှစ်ပြည့် အခမ်းအနားသို့ ဆရာတော်ကြီး၏တပည့် ဒါယကာများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး