မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် မြစိမ်းရောင်၊ VDP၊ Cash for work စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအတွက် ညှိနှိုင်းဆွေးနွေး

မိုးကောင်း မေ ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ် မြစိမ်းရောင်၊ VDP၊ Cash for work စီမံကိန်းကျေးရွာရွေးချယ်ခြင်းအတွက် အဆိုပါဌာနအစည်းအဝေးခန်းမ၌ မေ(၄)ရက် နံနက်(၁၀)နာရီတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါရွေးချယ်ခြင်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးဝင်က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သူဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစာရင်းကို ရှင်းလင်းပြောကြားသည်။

ညှိနှိုင်းရွေးချယ်ဆောင်ရွက်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ ဗမောက်ကုန်းကျေးရွာနှင့် ဆီထွက်သီးနှံဆိုင်ရာ မြစိမ်းရောင်စီမံကိန်းအတွက် ပဏာမ (၅)ရွာကိုလည်းကောင်း၊ လုပ်အားခအတွက် ဝင်ငွေရရှိသည့် Cash for work စီမံကိန်း ပဏာမ(၅)ရွာကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အတွက် ပဏာမ(၇)ရွာကိုလည်းကောင်း အသီးသီးရွေးချယ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)