တောင်ကြီး မေ ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ သည် ယနေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့နယ်အေးသာယာရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး)အား သွားရောက်ကြည့်ရှုစစ်ခဲ့ကြောင်းသိရသည်။
၂၀၂၂ခုနှစ် မေလ(၁၂)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ တက္ကသိုလ် ၊ဒီဂရီကောလိပ် များနှင့် ပညာရေးဒီဂရီကောလိပ်များ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စာကြည့်တိုက်ခန်းမများ ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ နည်းပညာတက္ကသိုလ်(တောင်ကြီး)အတွက် ကျောင်းရန်ပုံငွေကျပ်(၁၀)သိန်းကို ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပေးအပ်ရာကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။
ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း(ပထမနှစ်) (ပထမအသုတ်)သင်တန်း တက်ရောက်နေမှုနှင့်၄-နှစ်သင်(ပထမနှစ်)(ဒုတိယနှစ်ဝက်)နှင့် (ပထမနှစ်ဝက်) သင်တန်း ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် စားရိပ်သာများ ကြိုတင် ပြင်ဆင်ရှိမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ လက်ခံရယူကြောင်း သိရှိရသည်။
မောင်မောင်သန်း (ပြန်/ဆက်)