ရွှေသောင်ယံမြို့တွင် အများပြည်သူသုံး သောက်ရေကန်အား သန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်း၊‌ ရေကန်ဘောင် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်

ရွှေသောင်ယံ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများ သုံးစွဲလျက်ရှိသည့် သောက်သုံးရေကန်အား သန့်ရှင်းသာယာလှပစေရေး လုံခြုံစိတ်ချစေရေးတို့အတွက် ရေကန်ပတ်လည် ခြံစည်းရိုးကာရံခြင်း၊‌ ရေကန်ဘောင်အား မြှင့်တင်ခြင်းလုပ်ငန်းများကို အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိုရာတွင် ရေကန်ဘောင်များ ပြုပြင်မြှင့်တင်ခြင်း၊ ကျောက်တိုင်များ စိုက်ထူခြင်း၊ သံဇကာများ ကာရံခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် World View International Foundation မှ အကူအညီဖြင့် အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း အဆိုပါ သောက်သုံးရေကန်၏ အကျယ်အဝန်းမှာ(၀.၈၀)ဧကခန့် ကျယ်ဝန်းပြီး လက်ရှိအနက်ပေမှာ (၁၀)ပေခန့်ရှိသော သောက်သုံးရေကန်တစ်ခုဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)