အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဆည်)တို့ပူးပေါင်းပြီး ကျောင်သား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရတနာထွန်းခန်းမ၌ ကျင်းပကျောင်းသိရသည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ သိုလှောင်ရောင်းချမှု အခြေအနေများကို ယမန်နေ့ည ၈ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ် စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
Jun 10,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ​မေလ  ၂၂ ရက်​နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ဒဏ် ခံစားခဲ့ရသည့် လေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေ​ပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Fitness Dance သင်တန်းအား ယမန့်နေ့ ညနေ ၄ နာရီ အချိန်တွင် ငပုတောမြို့အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦမြို့နယ် ခရိုင်စာရင်းစစ်ရုံး မြေနေရာအသုံးပြုထားခြင်းအတွက်၊ ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ ကျောက်တိုင်ကျေးရွာကွင်း အမှတ်(၇၇၃A)၊ ဦးရွှေညာ လယ်မြေ(၃ဧက)၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ခင်း ထယ်ထိုးမြေပြုပြင်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။