မင်းလှ ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ ကျောက်တိုင်ကျေးရွာကွင်း အမှတ် (၇၇၃A)၊ ဦးရွှေညာ လယ်မြေ (၃ဧက) ၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ခင်း ထယ်ထိုးမြေပြုပြင်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ တောင်သူများတတ်ရောက်ခဲ့ ကြသည်။
မင်းလှမြို့နယ်တွင် ပိုက်ဆံလျော် (၁၃၂) ဧက၊ မတ်ပဲ (၃၉၃) ဧက၊ ပဲတီစိမ်း (၄၃) ဧက၊ ပဲလွန်း (၅) ဧက စုစုပေါင်း သစ်စိမ်းမြေသြဇာ (၅၇၃) ဧက စိုက်ပျိုးထားကြောင်း၊ သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတည်ဆောက်မှု ကောင်းမွန်ခြင်း၊ အော်ဂဲနစ်အဟာရဓာတ်များ မြေဆီလွှာ အတွင်းပြည့်စုံ အော်ဂဲနစ်အဟာရဓာတ်များ မြေဆီလွှာအတွင်းပြည့်စုံခြင်း၊ မြေဆီလွှာလေဝင်လေထွက် ကောင်းစေခြင်းနှင့် အချဉ်အငံဓါတ် ညီမျှစေခြင်း၊ သီးနှံအထွက်တိုးတတ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။
သန့်ဇင်စိုး(ပြန်/ဆက်)