ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်

ညောင်ဦး ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦမြို့နယ် ခရိုင်စာရင်းစစ်ရုံး မြေနေရာအသုံးပြုထားခြင်းအတွက်၊ ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် ခရိုင်စာရင်းစစ်ရုံးမှ ဒေါ်နွယ်နွယ်လင်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများတက်ရောက်ကြပြီး အသုံးပြုထား မြေနေရာသည် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တောင်ရှေ့ကွင်း၊ ကွင်းအမှတ်(၁၅၃၃)၊အတွင်း မြေကွက်အမှတ်(၆၈/၁)ရှိမြေဧရိယာ (၀.၂၅)အတွက် ကာယကံရှင်ခရိုင်စာရင်းစစ်ရုံးမှမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သတ်မှတ်ပေးထားသည့် မြေယာလျော်ကြေး (၃၁၂၅၀၀၀)ကျပ်တိတိအား မြေပိုင်ရှင်ဦးမောင်ဝင်းသို့ အသိသက်သေများရှေ့မှောက်တွင် မြေယာလျော်ကြေးပေးအပ်ခြင်းနှင့် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တောင်ရှေ့ကွင်း၊ ကွင်းအမှတ်(၁၅၃၃)၊အတွင်း မြေကွက်အမှတ်(၇၀)ရှိမြေဧရိယာ (၀.၆၇)အတွက် ကာယကံရှင် ခရိုင်စာရင်းစစ်ရုံးမှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သတ်မှတ်ပေးထားသည့် မြေယာလျော်ကြေး(၈၃၇၅၀၀၀)ကျပ်တိတိအား မြေပိုင်ရှင်ဦးချစ်တင်သို့ အသိသက်သေများရှေ့မှောက်တွင် မြေယာလျော်ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။                                 

ကိုကြေးမုံ