အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက် ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Jun 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုက်ရေးအတွက် နှီးပဒေါကျေးရွာဟောင်း၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဆံတော်ရပ်ကွက် ကမ်းနားလမ်းတွင် ဇွန်လ ၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးပိခဲ့‌၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော လူနေအိမ်တစ်လုံးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါ စတင်ထွက်ရှိချိန်တွင် တစ်ပိဿာငွေကျပ် ၁၈၅၀ နှုန်းဖြင့်ရောင်းချရ၍ မြို့နယ်အတွင်းရှိ မိုးကြိုချည်မျှင်ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jun 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်စည်ပင်သာယာရေး ဌာနမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ်၊ ပထမသုံးလပတ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်မြို့တွင်းလမ်းများ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်းအား မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ဇွန်လ ဆန်းပိုင်းတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက အမှတ် (၁၁) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ပဥ္စနိကာယသာသနာ့ ဗိမာန်ကျောင်းတိုက်တွင် ပဓာနနာယကဆရာတော်၊ မဟာနာယက ဆရာတော်တို့အား တပည့်ဟောင်း၊ တပည့်သစ်၊ ရဟန်းသံဃာတော်နှင့် သီလရှင်တို့မှ ဆရာတော်တို့၏ ဂုဏ်ကို ကျေးဇူးဆပ်ပူဇော်သောအားဖြင့် အာစရိယဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။