Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Aug 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့များအား လူမျိုးမရွေးဘာသာမရွေး ယမန်နေ့ နေ့လည်ပိုင်းမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများပရဟိတခန်းမ၌ ကျန်းမာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Aug 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့လယ် (၂)နာရီက စတင်ပြီး ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ ဆေးရုံတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာမြတ်သူဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင်များ နှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်သံဃာတော်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္…
Aug 02,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန် တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျှက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ကမ္မဌာန်းကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက်သို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၆၈ ဦးရှိ
Aug 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.က ကျောင်း၌ နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ဝန်ထမ်းကို ဩဂုတ်လ ၁ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ကိုဗစ်ကာကွယ်ဆေးဆက်လျက်ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)စတင်ထိုးနှံ
Aug 01,2021
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ တို့၌ကိုဗစ်-၁၉ရော ဂါကာကွယ်ရေး လမ်းညွှန်ချက် များ နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးမည်ဖြစ်
Aug 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နေ့လယ်(၁:၀၀)နာရီတွင်စတင်၍ကိုဗစ်စ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးမည်ဖြစ် ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် အောင်ဆီဂျင်စက်တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ပညာရေး ဝန်ထမ်းမိသားစုမှ အလှူငွေများ ပေးအပ်လှူဒါန်း
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်(COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26265
Page
26266
Page
26267
Page
26268
Current page
26269
Page
26270
Page
26271
Page
26272
Page
26273
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department