အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့တွင်  မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
Jun 21,2022
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
Jun 21,2022
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေးဌာနနှင့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ABC ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
Jun 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အသက်(၁၈) အထက်ပြည်သူများအား တတိယအကြိမ် အပိုဆောင်း (Booster) ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းတွင် ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Centre)တွင် သဘာဝချည်ဆိုးဆေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။
Jun 21,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန်တို့ကို ရည်ရွယ်၍ဆီနေကြာသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးဖြင့် စိုက်ပျိုးခြင်းကို (၃၅)ဧက လျာထားကြောင်း သိရသည်။
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။