အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှညောင် ဦးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် မန်ကျည်းစောက်ကျေးရွာအတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Sep 07,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2022
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိခင်နှင့်ကလေးများအား ကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ကြောင်း သိရသည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု၊ ငွေဘုံသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်   ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဟိုတယ်ရွှေသောင်ယံရှေ့တွင် ယနေ့နံနက်(၉)နာရီက ယာဉ်အန္တရာယ်ကင်းရှင်းစေ‌ရေးအတွက် စစ်ဆေးဆောင်ရွက်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
Sep 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ​နေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၈:၃၀)နာရီခန့်က မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ တိုက်ကျောင်း၌ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ၏  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းစေရန်အတွက် နယ်မြေစိုးမိုးရေးအနေဖြင့် စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်  ဌာနဆိုင်ရာ(၃၈)ဦး   ပါဝင်သောအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ရွာသာယာကျေးရွာ၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက် (၉)နာရီက ဒေသခံပြည်သူ(၁၈၀)ဦးနှင့် တွေ့ဆုံပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။