ရွှေသောင်ယံမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများစစ်ဆေးဆောင်ရွက်

ရွှေသောင်ယံ   စက်တင်ဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဟိုတယ်ရွှေသောင်ယံရှေ့တွင် ယနေ့နံနက်(၉)နာရီက ယာဉ်အန္တရာယ်ကင်းရှင်းစေ‌ရေးအတွက် စစ်ဆေးဆောင်ရွက်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေသောင်ယံနယ်မြေ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက  ပြည်သူများဆိုင်ကယ် အုပ်ထုပ်အား စနစ်တကျဝတ်ဆင် သွားလာ‌စေရန်အတွက် လမ်းသွားလမ်းလာဆိုင်ကယ်များအား စစ်ဆေးခြင်း၊ သုံးဘီးဆိုင်ကယ်၊ ကားစသည့်ယာဉ်များအား စစ်ဆေးခြင်း စသည်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းည်းကမ်းဆိုင်ရာ လုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)