Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မလှိုင်မြို့နယ်၊ နှောကန်အရန်မီးသတ်စခန်း၊ ကျေးရွာမီးဘေးလုံခြုံရေးအဖွဲ့ထံသို့ မီးငြှိမ်းသတ်ယာဉ် အသစ်(၁)စီး လွှဲပြောင်းပေးအပ်
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာအုပ်စု၊ နှောကန်ကျေးရွာ အရန်မီးသတ်စခန်း၌ ယနေ့နံနက် (၉)နာရီအချိန်က တာဝန်ရှိသူတို့မှ ကျေးရွာမီးဘေးလုံခြုံရေးအဖွဲ့သို့ မီးငြှိမ်းသတ်ယာဉ်(၁)စီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး လူထုတွေ့ဆုံပွဲ ကွင်းဆင်းဆောင်ရွက်
Sep 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့သည် ယနေ့ မနက်ပိုင်းက ပန်ကေတုကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် ဒူးရင်းပျိုးပင်များ ဈေးကောင်းရရှိ
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ဒူးရင်းပင်ပျိုးထောင်ထားသူများသည် ယခုနှစ်တွင် ပျိုးပင်ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းကာ မိသားစုစားဝတ်နေရေးဖူလုံလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်၌ ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးအနီးလမ်းဆုံ၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့နယ်အတွင်းရှိကျေးရွာအုပ်စုများ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အသက်(၅)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်း သား၊ကျောင်းသူများအား ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က-ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ် ဒေါင်းရွေးစံပြကျေးရွာအုပ်စု၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒေါင်းရွေးစံပြကျေးရွာ၊ ဓမ္မမဂ္ဂင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16267
Page
16268
Page
16269
Page
16270
Current page
16271
Page
16272
Page
16273
Page
16274
Page
16275
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department