Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာယာဝတီမြို့တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှု အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအနေဖြင့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ဆက်လက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ကီလိုမာလကာ စိုက်ပျိုးခြင်းဖြစ် နေ့စဉ်အပိုဝင်ငွေရရှိ
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ကီလိုမာလကာစိုက်ပျိုးခြင်းဖြစ် နေ့စဉ်ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ရဲစခန်း၀င်းအတွင်းရှိ ဇဗ္ဗူသီရိ သန္တိသုခဓမ္မာရုံတွင် ဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း Mask များ တပ်ဆင်ရေး Mask Campaign ပြုလုပ်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရန် Mask တပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ ဒုတိယလမ်းနှင့်စာတိုက်လမ်းဒေါင့် (၁၀)နာရီစျေးနှင့်လူစည်ကားရာ နေရာများ၌ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ် ကျွန်းပိုင်းကျေးရွာဖြစ်သည့် သရက်တပင်ကျေးရွာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှုးဦးအောင်ဆွေ ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများပါ၀င်သည့် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက သရက်တပင်ကျေးရွာ ဆုတောင်းပြည့်ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် ကျေးလက်မြေသားလမ်းချဲ့ခြင်းလုပ်ငန်း (၆၀)ရာခိုင်နှုန်းခန့်ပြီးစီး
Sep 07,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဆိုက်ခေါင်-ဟိုနားတပ်အူ-နမ့်ကန်-နားကွန်လမ်းတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဘိုဘိုကျော်ငြိမ်း အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ် ချမ်းသာကြီး မြတ်စွာဘုရားတွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်…
Sep 07,2022
မိုးကုတ်မြို့နယ်အတွင်းရှိ ဘုရားစေတီများအနက် ပြည်တွင်းပြည်ပမှခရီးသွားများ လာရောက်ဖူးမြော်လေ့ရှိသည့် သမိုင်းဝင်မင်းဘုရားတောင် ချမ်းသာကြီးမြတ်စွာဘုရားတွင် မြို့နယ် စုပေါင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့နှင့် တပ်ဖွဲ့မိသားစုဝင်များစုပေါင်း၍ ယနေ့နံနက် (၉)နာရီ အချိန်က သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16269
Page
16270
Page
16271
Page
16272
Current page
16273
Page
16274
Page
16275
Page
16276
Page
16277
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department