အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန်ကာကွယ်၊ တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိမွေးကင်းစ အသက် (၄၅)ရက်မှ အသက်(၁၈)လအရွယ်အထိက လေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဖျာပုံခရိုင်(၄) မြို့နယ်မိုးရာသီ အသက် (၁၆)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယနေ့နံနက်က သမဝါယမဦးစီးဌာနနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းများသို့ သုတရသ စာအုပ်စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၅)ရပ်ကွက်နေ ပြည်သူများအား အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းဖြင့် ယနေ့ နံနက်က တာဝတိံသာ(၂)လမ်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ က သွားရောက်ရောင်းချပေးခဲ့သည်။