လပွတ္တာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့ ညနေ(၃)နာရီချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် လပွတ္တလုပ်မြောက်ကျေးရွာအုပ်စု၊ လပွတ္တလုပ် မြောက်ကျေးရွာ၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း များတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများ၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ ရေလုပ်ငန်းကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဒေသခံပြည်သူ(၁၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ကြသည့် ဒေသခံပြည်သူများမှ တင်ပြသည့်အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ဆောင်ရွက်ပေးမှုအခြေအနေနှင့် လပွတ္တလုပ်တောင် (အထက-ခွဲ) စာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)