ညောင်ဦး စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောင်းသားကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ အခြေ ခံပညာ ကျောင်းသား/သူများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများထံမှသိရသည်။
ညောင်ဦးခရိုင်အတွင်း အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ညောင်ဦးမြို့နယ်၌ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၅၇၄၁)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူ (၅၃)ဦး၊နှင့် ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသားကျောင်းသူ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၃၇၃၃) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူ (၃၇)ဦးထိုးနှံပြီးစီးကာ၊ ညောင်ဦး ခရိုင်အတွင်း အသက် ၁၂ နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ ညောင်ဦး မြို့နယ်တွင် (၁၉၆၇)ဦး၊ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်သးသားကျောင်းသူ ၁၄ ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၈၆၂)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၄)ဦးထိုးနှံပေးနိုင်ခဲ့ရာ ညောင်ဦးခရိုင်တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၄၄၂၁)ဦးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ကိုကြေးမုံ