ပင်လောင်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

ပင်လောင်း  စက်တင်ဘာ   

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြင့်နိုင်က  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းဆောင်ရွက်ထားနိုင်မှု အ​​ခြေအနေများ၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် စီမံကိန်းတွင်ပါဝင်သည့် ကျေးရွာအုပ်စုများမှ  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း ရှမ်းပြည်နယ်ရုံးမှ ဒေါ်နန်းကြည်ကြည်မေက စီမံကိန်းရည်ရွယ်ချက်များ၊ အဓိကဆောင်ရွက်သွားမည့်စီမံချက်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျေးလက်ကျန်းမာရေးဌာနများမှဝန်ထမ်းများ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရမြေပြင်အခက်အခဲများနှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ကြံပြုဆွေးနွေးချက်များကို တာဝန်ရှိသူက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး(ပင်လောင်း)