ပျဉ်းမနား စက်တင်ဘာ ၇
ပျဉ်းမနားခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးက ပျဉ်းမနား မြို့နယ်အတွင်း စားဝတ်နေရေးခက်ခဲနေကြသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များပူးပေါင်းကာ ကူညီဆောင်ရွက် ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက စားဝတ်နေရေးခက်ခဲနေကြသည့် အိမ်ထောင်စုစာရင်းများအား စနစ်တကျပြုစုကာ လိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ်နိုင်ရေးစီမံဆောင်ရွက်သွာရမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ပျဉ်းမနားမြို့နယ်အတွင်းရှိလုပ်ငန်းရှင်များက မိမိတို့၏ လုပ်ငန်းခွင်ရှိ အခြေခံအလုပ်သမားများအား ထောက်ပံ့ပေးအပ်နေမှုများနှင့် မြို့နယ်အတွင်း စားဝတ် နေရေးခက်ခဲနေကြသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးကြရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)