မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ပြည်နယ်အဆင့် အတီးပြိုင်ပွဲ ယှဉ်ပြိုင်​နေမှုအား ကြည့်ရှုအား​ပေး

မော်လမြိုင် စက်တင်ဘာ ၇

တိုင်းရင်းသားလူမျိူးအ​ပေါင်းတို့၏ ဓ​လေ့ထုံးတမ်းအစဉ်အလာများကို ​လေးစားလိုက်နာပြီး အမျိုးသားယဉ်​ကျေးမှု စရိုက်လက္ခဏာများ မ​​ပျောက်ပျက်​အောင် ထိန်းသိမ်း​စောင့်​ရှောက်​ရေး ဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်​နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ အနုပညာရှင်၊ ဝါသနာရှင်များသည် ယမန်​နေ့မွန်းလွဲပိုင်းက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအမျိုးသမီးအသက် ၁၀ နှစ်မှ ၁၅ နှစ်၊ ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲ ယှဉ်ပြိုင်​နေမှုအားလည်း​ကောင်း၊ မွန်တိုင်းရင်းသား ယိမ်းအကပြိုင်ပွဲယှဉ်ပြိုင်​နေမှုအားလည်း​ကောင်း ကြည့်ရှုအား​ပေးခဲ့သည်။

မွန်ပြည်နယ်အ​နေဖြင့် မျိုးဆက်သစ်လူငယ်များအား အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များတွင် ထူးချွန်သူများ ပေါ်ထွန်းလာရေး မွေးထုတ်ပေးလျက် ရှိနေသလို ရွက်ပုံးသီးအနုပညာရှင်များကိုလည်း ဖော်ထုတ်မြှင့်တင်ပေးလျက်ပြီး မွန်တိုင်းရင်းသားရိုးရာ အနုပညာများကိုလည်း ဖော်ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။

ခင်စန်းမြင့်