အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ် ၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ဆောင်ရွက်ခြင်းကိုမြို့ဝင်ဂိတ်၊ လူစည် ကားရာ လမ်းဆုံများတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု ဇင်ပြွန်းကုန်းကျေးရွာ ငါးသယံဇာတထိန်းသိမ်းရေး ဇုန်(၂) သဘာဝရေပြင်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
Sep 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁:၃၀ နာရီက မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူနှင့် နိုင်ငံတကာစာတတ်မြာက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား‌သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေးအတွက် ယနေ့ နံနက် ၉ နာရီက နန္ဒဝန်စျေး၊ ရေပေါ်(မြို့မ)စျေး၊ ဆိုက္ကားဂိတ်၊ မော်တော်ဆိပ်များတွင် mask campaign များ ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲပိုင်း က ပိတောက်ခင်ကျေးရွာနှင့် ပေါက်ချောင်းကျေးရွာတို့တွင် သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မြို့နယ် ကိုဗစ်-၁၉ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး(Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် မြို့မဈေးတို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသော "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။